Protector Plus 2009 V8.Anti-Virus


ယခု ကာလတွင် ကျွန်တော်သိသော Anti-Virus နှင့် Operating System များကိုသာ တင်ပြပါမည်။ ယခု Anti-Virus software သည်
Sizes:14Mb ပဲရှိပါသည်။ရှာရင်းဖွေရင်းဖြင့် ရရှိလာခြင်းဖြစ်ပါသည်။အသစ်စမ်းသုံးလိုပါက အောက်တွင်ရယူနိုင်ပါသည်။



Full Version အဖြစ် အသုံးပြုနိုင်စေရန် keygen ပါဝင်ပါသည်။

http://ifile.it/17inah2


Google Search Tips

ကျွန်တော်တို့သည် နေ့စဉ်နှင့်အမျှ Errors များဖြေရှင်းရန်သော်လည်ကောင်း၊software တစ်ခုခုများအား အလိုရှိသော အခါတွင် Google Search Engine တွင် ရှာဖွေလျှက်ရှိကြပါသည်။တစ်ဦးဦး၏ အကူအညီကို ရယူနိုင်သော်လည်း ကိုယ်တိုင် ရှာဖွေရသောအခါတွင် အင်မတန် ရှာဖွေရခက်လှပါသည်။
သို့ဖြစ်ပါသောကြောင့် ကျွန်တော်သိသော Google Search Tips များအား တင်ပြလိုပါသည်။
Google Search Tips များမှာ-

(၁)"+"လက္ခဏာ ကိုအသုံးပြုရှာဖွေခြင်း
"+"လက္ခဏာ အသုံးပြုပြီး ရှာဖွေခြင်းသည် တိကျသော စကားလုံးတစ်လုံးပါဝင်ရမည်ဟုဆိုလိုပါသည်။အသုံးမ၀င်သော related index များ မပါဝင်စေရန်ဖြစ်ပါသည်။
ဥပမာ။ ။+breezes+lover ဟုရှာဖွေပါက breezes နှင့် loverဟူသည့် စာလုံး ပါဝင်သော webpage များကို တွေ့ရှိရမည်ဖြစ်ပါသည်။

(၂)"-"(အနုတ်)လက္ခဏာ ကိုအသုံးပြုရှာဖွေခြင်း
"-"လက္ခဏာ အသုံးပြုပြီး ရှာဖွေခြင်းသည် မိမိရှာဖွေသောအခါတွင် မိမိ အလိုမရှိသည့် စကားလုံးများ မပါဝင်ရဟူသော အဓိပ္ပဎ်ဖြစ်ပါသည်။
ဥပမာ။ ။-breezes +lover ဟုရှာဖွေပါက breezes ဟူသော စာလုံးမပါ lover ဟူသောစာလုံးပါသော web page များကိုတွေ့ရှိရမည်ဖြစ်သည်။
(၃)"~"လက္ခဏာကို အသုံးပြုရှာဖွေခြင်း[အနီးစပ်ဆုံး(approximately)ဟု အဓိပ္ပယ်ရရှိသည်။]
"~"လက္ခဏာ အသုံးပြုပြီး ရှာဖွေခြင်းသည် မိမိရှာဖွေသောအခါတွင် အနီးစပ်ဆုံးအကြောင်းအရာတစ်ခုကိုရှာဖွေလိုသောအခါ တွင်
မိမိရှာလိုသော အကြောင်းအရာ၏ အနီးစပ်ဆုံးသော webpage များကို တွေ့ရှိရမည်ဖြစ်သည်။
ဥပမာ။ ။computer~hack ဟုရှာဖွေပါက hack နှင့်သက်ဆိုင်သော webpage များကို တွေ့ရှိရမည်ဖြစ်သည်။
(၄)တိကျသော website တစ်ခုကို ရှာဖွေလိုလျှင်
[site:] ဟုရှာဖွေပါ။
ဥပမာ။ ။site:http://breezeslover.blogspot.com/ဟုရှာဖွေပါက ကျွန်တော် website တစ်ခုအတွင်းရှိ pages များစီကိုရောက်ရှိသွားမည်ဖြစ်ပါသည်။
(၅)စကားလုံးတစ်လုံး၏ definitionကိုသိလိုသောအခါတွင် define: ဟုသော syntaxကို အသုံးပြုရှာဖွေရပါသည်။
ဥပမာ။ ။define:computerဟုရှာဖွေပါက computer defintionများကိုပြသပေးမည်ဖြစ်ပါသည်။
(၆)ဆင်တူသော စကားလုံးများကို ရှာဖွေလိုသောအခါတွင် related: ဟုသော syntax ကိုအသုံးပြုရပါသည်။

ဥပမာ။ ။related http://breezeslover.blogspot.com/ ဟုရှာဖွေပါက http://breezeslover.blogspot.com/နှင့် အနီးစပ်ဆုံး အနီးဆုံး webpage များကိုတွေ့ရမည်ဖြစ်ပါသည်။

(၇)တိကျသော စကားစုများကို ရှာဖွေလိုသောအခါတွင် [" "]double quoteဖြင့်ရှာဖွေနိုင်ပါသည်။
ဥပမာ။ ။"technical Library"ဟု ရှာဖွေပါက technical Library ပါဝင်သော တိကျသော စကားစုပါဝင်သည့် web pages များကိုတွေ့ရှိရမည်ဖြစ်ပါသည်။

(၈)'*'လက္ခဏာကိုအသုံးပြု ရှာဖွေခြင်း
အဓိပ္ပယ်မသိသော စကားလုံးတစ်လုံးကိုရှာဖွေလိုသောအခါတွင် အသုံးပြုပါသည်။
ဥပမာ။ ။friend* ဟုရှာဖွေပါက friend ဟူသော အဓိပ္ပယ်ပါသည့် webpage များကို ပြသပေးပါမည်။

(၉)boolean operatorsများကို အသုံးပြုရှာဖွေခြင်း [AND/OR/NOT]
ဥပမာ။ ။swim OR sink ဟုရှာဖွေပါက swim သို့မဟုတ် sink ပါသော webpages များကိုပြသပေးမည်ဖြစ်ပါသည်။
မှတ်ချက်၊ ။ boolean operatorsများသည် Capital letter များဖြစ်ရပါမည်။
♥♥♥