သို့ဖြစ်ပါသောကြောင့် ကျွန်တော်သိသော Google Search Tips များအား တင်ပြလိုပါသည်။
Google Search Tips များမှာ-
(၁)"+"လက္ခဏာ ကိုအသုံးပြုရှာဖွေခြင်း
"+"လက္ခဏာ အသုံးပြုပြီး ရှာဖွေခြင်းသည် တိကျသော စကားလုံးတစ်လုံးပါဝင်ရမည်ဟုဆိုလိုပါသည်။အသုံးမ၀င်သော related index များ မပါဝင်စေရန်ဖြစ်ပါသည်။
ဥပမာ။ ။+breezes+lover ဟုရှာဖွေပါက breezes နှင့် loverဟူသည့် စာလုံး ပါဝင်သော webpage များကို တွေ့ရှိရမည်ဖြစ်ပါသည်။
(၂)"-"(အနုတ်)လက္ခဏာ ကိုအသုံးပြုရှာဖွေခြင်း
"-"လက္ခဏာ အသုံးပြုပြီး ရှာဖွေခြင်းသည် မိမိရှာဖွေသောအခါတွင် မိမိ အလိုမရှိသည့် စကားလုံးများ မပါဝင်ရဟူသော အဓိပ္ပဎ်ဖြစ်ပါသည်။
ဥပမာ။ ။-breezes +lover ဟုရှာဖွေပါက breezes ဟူသော စာလုံးမပါ lover ဟူသောစာလုံးပါသော web page များကိုတွေ့ရှိရမည်ဖြစ်သည်။
(၃)"~"လက္ခဏာကို အသုံးပြုရှာဖွေခြင်း[အနီးစပ်ဆုံး(approximately)ဟု အဓိပ္ပယ်ရရှိသည်။]
"~"လက္ခဏာ အသုံးပြုပြီး ရှာဖွေခြင်းသည် မိမိရှာဖွေသောအခါတွင် အနီးစပ်ဆုံးအကြောင်းအရာတစ်ခုကိုရှာဖွေလိုသောအခါ တွင်
မိမိရှာလိုသော အကြောင်းအရာ၏ အနီးစပ်ဆုံးသော webpage များကို တွေ့ရှိရမည်ဖြစ်သည်။
ဥပမာ။ ။computer~hack ဟုရှာဖွေပါက hack နှင့်သက်ဆိုင်သော webpage များကို တွေ့ရှိရမည်ဖြစ်သည်။
(၄)တိကျသော website တစ်ခုကို ရှာဖွေလိုလျှင်
[site:] ဟုရှာဖွေပါ။
ဥပမာ။ ။site:http://breezeslover.blogspot.com/ဟုရှာဖွေပါက ကျွန်တော် website တစ်ခုအတွင်းရှိ pages များစီကိုရောက်ရှိသွားမည်ဖြစ်ပါသည်။
(၅)စကားလုံးတစ်လုံး၏ definitionကိုသိလိုသောအခါတွင် define: ဟုသော syntaxကို အသုံးပြုရှာဖွေရပါသည်။
ဥပမာ။ ။define:computerဟုရှာဖွေပါက computer defintionများကိုပြသပေးမည်ဖြစ်ပါသည်။
(၆)ဆင်တူသော စကားလုံးများကို ရှာဖွေလိုသောအခါတွင် related: ဟုသော syntax ကိုအသုံးပြုရပါသည်။
ဥပမာ။ ။related http://breezeslover.blogspot.com/ ဟုရှာဖွေပါက http://breezeslover.blogspot.com/နှင့် အနီးစပ်ဆုံး အနီးဆုံး webpage များကိုတွေ့ရမည်ဖြစ်ပါသည်။
(၇)တိကျသော စကားစုများကို ရှာဖွေလိုသောအခါတွင် [" "]double quoteဖြင့်ရှာဖွေနိုင်ပါသည်။
ဥပမာ။ ။"technical Library"ဟု ရှာဖွေပါက technical Library ပါဝင်သော တိကျသော စကားစုပါဝင်သည့် web pages များကိုတွေ့ရှိရမည်ဖြစ်ပါသည်။
(၈)'*'လက္ခဏာကိုအသုံးပြု ရှာဖွေခြင်း
အဓိပ္ပယ်မသိသော စကားလုံးတစ်လုံးကိုရှာဖွေလိုသောအခါတွင် အသုံးပြုပါသည်။
ဥပမာ။ ။friend* ဟုရှာဖွေပါက friend ဟူသော အဓိပ္ပယ်ပါသည့် webpage များကို ပြသပေးပါမည်။
(၉)boolean operatorsများကို အသုံးပြုရှာဖွေခြင်း [AND/OR/NOT]
ဥပမာ။ ။swim OR sink ဟုရှာဖွေပါက swim သို့မဟုတ် sink ပါသော webpages များကိုပြသပေးမည်ဖြစ်ပါသည်။
မှတ်ချက်၊ ။ boolean operatorsများသည် Capital letter များဖြစ်ရပါမည်။
♥♥♥